Political News

0 0
Read Time:6 Minute, 39 Second

NUG အစိုးရအနေဖြင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိ PDF တိုက်ပွဲဝင် ရဲဘော်များကို ဦးစားပေး အာရုံစိုက်စေချင်ကြောင်း ကလလတ ပြောဆို

 

D Day News

ဧပြီလ ၁၇

 

အမျိုးသားညီညွတ်ရေးအစိုးရ – NUG အနေဖြင့် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့ရှိ PDF တပ်ဖွဲ့များကို ထိုက်သင့်သည့် ဦးစားပေးမှုနှင့် အာရုံစိုက်မှု ပြုလုပ်ပေးစေချင်ကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ကပြောကြားသည်။

 

ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့တွင်ကျရောက်သည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း ၃ နှစ် ပြည့် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက် ရေးတပ်ဦး (ကလလတ) က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တစ်ခုလုံးအရေးနှင့် တစ်စိတ်တစ်ပိုင်း ကိစ္စများကို လက်တွေ့ဆောင်ရွက် အကောင်အထည်ဖော်သည့်အခါ၌ အခြေအနေနှင့် လိုအပ်ချက်အပေါ်မူတည် ၍  ဦးစားပေးမှု မှန်ကန်စေချင်ကြောင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့နှင့် ပတ်သက်၍လည်း ထိုက် သင့်သည့် ဦးစားပေးမှုနှင့် အာရုံစိုက်မှု ပြုလုပ်စေလိုကြောင်း၊ မြေအနေအထားအရ ရန်သူ ပတ်ခြာ လည်ဝိုင်းနေပြီး ရိက္ခာဆေးဝါး၊ လက်နက်ခဲယမ်း၊ ဆုတ်လမ်းတက်လမ်း စသည့် နှိုင်းယှဉ် ချက်အရ စစ်ရေးစစ်ရာ စိန်ခေါ်မှု ပိုမိုများပြားသော ထိုစစ်ဒေသများအတွင်းက တိုက်ဖော် တိက်ဖက်များ အ တွက်လည်း စိုးရိမ်မကင်းဖြစ်ရပါကြောင်း ကလလတက ပြောကြားသည်။

 

သို့ပါ၍ ထိုစစ်ဒေသများအတွက် အာရုံစိုက်မှု ယခင်ကထက် ပိုမိုထားရှိပါရန် တိုက်တွန်း အကြံပြုချင် ပါကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ဆက်လက် တိုက်တွန်းထားသည်။

 

၂၀၂၁ ခုနှစ်တွင် တပြည်လုံးရှိ  ပြည်သူများက ဒီမိုကရေစီအရေးအတွက် ငြိမ်းချမ်းစွာ၊ စည်းကမ်းရှိစွာ လှုပ်ရှားခဲ့သော်လည်း အာဏာရမ္မက် ငမ်းငမ်းတက်နေတဲ့အကြမ်းဖက် စစ်အုပ်စုက“မလုပ်ရဲတာ ဘာမှ မရှိဘူး” ဆိုသည့် ဗီဇစရိုက်ဖြင့် ပြည်သူများကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းနှိမ်နင်းခဲ့ကြောင်း၊ ထိုကြောင့် ပြည်သူများသည် မလွှဲမရှောင်သာတော့ဘဲ လက်နက်ကိုင်ခုခံသည့် နည်းလမ်းကို ရွေး ချယ်လျှောက်လှမ်းခဲ့ကြရကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် (ဝါ) နွေဦးတော်လှန်ရေး ပေါ်ပေါက်လာခဲ့ရကြောင်း ကလလတက ပြောဆိုထားသည်။

 

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာ ကွယ်ရေး တပ်မတော် (PDF) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ကို ပြည်သူတို့၏ခုခံတွန်းလှန်စစ် (ဝါ) နွေဦးတော်လှန်ရေးက မွေးထုတ်ပေးလိုက်သော ပြည်သူတို့၏ ခုခံတွန်းလှန်စစ် (ဝါ) နွေဦးတော်လှန်ရေးကို ရှေ့တန်းက ဦးဆောင်နေသော အဖွဲ့အစည်းများ အဖြစ် အလေးအနက် အသိအမှတ်ပြုထားကြောင်း ထုတ်ပြန်ထားသည်။

 

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိပုဂ္ဂိုလ်များ၏ ပြောဆိုချက်များ၊ ရေးသား ဖြန့်ဝေချက်များတွင်လည်း ပြည်သူများ စိတ်ဓာတ်ခွန်အား တက်ကြွလာစေရေးသက်သက်အတွက် လက်တွေ့ အခြေအနေနှင့် မကိုက်ညီသော အကောင်အထည်မဲ့ မျှော်လင့်ချက်ယောင်များကို ထည့် သွင်း မပြောဆိုမိစေရန် အထူးသတိပြုစေချင်ကြောင်း၊ ပြောဆိုချက်များသည် အဖြစ်မှန်နှင့်ကိုက်ညီ စေပြီး တမင်လျှော့ပေါ့ထားခြင်း သို့မဟုတ် တမင်ချဲ့ကားထားခြင်းများ မပါဝင်သင့်ပါကြောင်း ကလလတ က အကြံပြု ပြောကြားသည်။

 

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် ဘုံရန်သူ (စကစ) စစ်အုပ်စုကို ဦးတည် တိုက်ခိုက် နေကြသည့် တော်လှန်ရေးအဖွဲ့အစည်း များနှင့် တိုက်ဖော်တိုက်ဖက် ရဲဘော်ရဲဘက်များသဖွယ် အပြန်အလှန်ဖေးမ ကူညီပြီး ပုံမှန်ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်း စုကြီး တစ်ရပ် ပေါ်ထွန်းရေးအတွက်တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ထားသည်။

 

ထို့အပြင် NUG အစိုးရက ထုတ်ပြန်ပြဋ္ဌာန်းထားသော “ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်စာတမ်းများ” သည် ခုခံ စစ်ကာလ လက်တွေ့ လုပ်ငန်းများအတွက် စွဲကိုင်မှီငြမ်းပြုစရာ အခြေခံမူဘောင်များ အ ဖြစ် တည်ကြည်စွာ၊ လေးစားစွာ အသိအမှတ်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလလတ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

 

သို့သော်လည်း အဆိုပါ “ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်းများ” သည် ခုခံစစ်ကာလ လက် တွေ့ လုပ်ငန်းများအတွက် စွဲကိုင်မှီငြမ်းပြုစရာ အခြေခံမူဘောင်များ ဖြစ်ပြီး ဘယ်လိုအခြေခံ မူ ဘောင် တစ်ခုသာဖြစ်ပြီး ပြောင်းလဲ၍မရသော ဖော်မြူလာ တစ်ခုသဖွယ် လှေနံ ဓားထစ် သတ်မှတ် ထားသည့် အရာမျိုးမဟုတ်ကြောင်း၊  အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူများ၏ အကျိုးနှင့် တော်လှန် ရေး အကျိုးအတွက် လိုအပ်ချက်ရှိလာသည့်အခါတွင် လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ခြင်း၊ ပယ်ဖျက် ခြင်း၊ အခြေအနေနှင့် ကိုက်ညီရန် ထိန်းညှိခြင်းများကို စည်းစနစ် မှန်ကန်စွာလုပ်ဆောင် ကြရမည် ဖြစ် ကြောင်း ကလလတ အက အကြံပြုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *