ပုသိမ် -မုံရွာလမ်းမကြီးပေါ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီးလက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် လမ်းတလျှောက်နေပြည်သူများ စစ်ရေးသတိအထူးဂရုပြုနေထိုင်ကြပါရန် အထက်မင်းလှ ပကဖ သတိပေး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၁
မကွေးတိုင်း၊ အထက်မင်းလှမြို့နဘ်၊ ပုသိမ် -မုံရွာ လမ်းမကြီးပေါ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် လမ်းမကြီးတလျှောက်နေပြည်သူများ စစ်ရေးသတိအထူး ဂရုပြုနေထိုင်ပေးကြပါရန် အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထုတ်ပြန်သည်။
ဇန်နဝါရီလ ၈ ရက်နေ့မှစတင်၍ ပုသိမ် -မုံရွာလမ်းမကြီးပေါ်သို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ထိုးဝင်ရောက်လာပြီး လက်ရှိတွင် ကျေးရွာဝင်ပေါက်များတွင် ကင်းပုန်းများ ချထားခြင်း၊ ပုသိမ် -မုံရွာ လမ်းမကြီးအနားမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်း၊ ဒရုန်းများ အသုံးပြု၍ ကျေးရွာ များကို ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ယမနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ယင်းအကြမ်းဖက်စစ်သားများမှာ ရွှေချောင်းကျေးရွာအနီး ကြက် ခြံ နှင့် ရှမ်းတပ်ကြီးတာဝါတိုင်းအနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီး ပညာသင် (ဘက) ကျောင်းတွင်း တပ်စွဲ အထိုင်ချနေကြောင်းသိရသည်။
ထို့ကြောင့် ပုသိမ်-မုံရွာ လမ်းမကြီးဘေးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် အချိန်မရွေး နေရာ မရွေး တိုက်ပွဲများဖြစ်ပေါ်လာနိုင်သည့်အတွက် လမ်းမကြီးတလျှောက် နှင့် ကျေးရွာချင်းဆက် လမ်း များအား ယာယီ သွားလာခြင်းမပြုလုပ့်ကြရန်၊ ရဲစခန်း ၊ဂိတ်များ အနီး အတူယှဥ်တွဲနေထိုင်ကြသော
လူနေအိမ်များရှိပြည်သူများအနေဖြင့် စောလျင်စွာ ခတ္တနေရာရွေးပြောင်း နေထိုင်ကြရန်နှင့် မိမိတို့ ရပ်ရွာ/ဒေသအတွင်း လိုအပ်ချက်များ၊စစ်ရေးသတင်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ့်ငန်းကိစ္စ များအား ရပ်ကျေး တိုက်နယ် (ပ.အ.ဖ)၊(ပ.က.ဖ)အဖွဲ့များထံ ဆက်သွယ်ဆောင်ရွက်ကြရန် သတိပေး ထားသည်။
လက်ရှိ စစ်ရေးအချေအနေများအရ ပုသိမ် -မုံရွာ လမ်းမကြီးဘေးနှင့် ထိစပ်နေသော ကန်တုတ် ၊ လက်ပံတံခါး ၊ရှမ်းတပ် တိုက်နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကန်တုတ်၊ ဆောင့်ညှောင်၊ ကန်နီ ၊လက်ပံတံခါး၊ ကဒေါင်းဇောက်၊လိန်ကျော၊ သရက်အုပ်၊မြို့သစ်၊စျေးကြီး၊အောက်ကိုင်း၊ ချင်းကုန်း၊ မြောက်မျှားကုန်း၊ရွာပုလဲ၊ရေငံ၊စစ်စစ်ယို၊ ငါးဘတ်အိုင်၊ ရွေချောင်း၊ သီးကုန်း၊ ကျောက်ထပ်၊ ဆင်ဖြူ ကန်၊ လှေ့စဥ်၊ ဆုံကုန်း၊ ခါးဇက်၊ သက္ကယ်မြောင်၊ သခွက်ရင်း၊ သဲကြီးကုန်း၊ မဒိုင်း၊ ကိုင်းငယ်ကြီး ၊ ကိုင်းငယ်လေး ၊ ရှမ်းတပ်ကြီး၊ ဘန့်ပြင်၊စမ်းလယ်၊ မီးလောင်ကုန်း၊ မကြီးကုန်း၊ ကုန်းပေတော၊ ကန်ကျော၊ ကတဲ၊ ရေကျော်၊ ကြက်ဆူကုန်း စသည့်ကျေးရွာပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media