TNLA News

0 0
Read Time:4 Minute, 9 Second

တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ အောင်ပွဲရယူရန် အချိန်ကောင်းဖြစ်သည်ဟု TNLA ကြေညာ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၀

 

နိုင်ငံတဝန်း ၊ ဒေသအသီးသီးရှိ ဘုံရန်သူစစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေကြသော တော်လှန် ရေးအင်အားစုများအနေဖြင့် တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ အောင်ပွဲရယူရန် အချိန် ကောင်းဖြစ်သည်ဟု TNLA က ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကြေညာလိုက်သည်။

 

ဇန်နဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ တအာင်းပြည်ရှိ PSLF ယာယီဌာနချုပ်တွင် ကျင်းပသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA နှစ်ပတ်လည်အစည်းအဝေးထုတ်ပြန်ချက် နှင့်အတူ ကြေညာလိုက်ခြင်းဖြစ်သည်။

 

ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြရသော တော်လှန်ရေးအင်အားစုအသီးသီးတို့သည် နိုင်ငံ တဝှမ်း နယ်မြေ ဒေသအသီးသီးတွင် ဘုံရန်သူကို ထိုးစစ်ဆင်တော်လှန်နေကြသဖြင့် နစက မြန်မာ စစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦး တော်လှန်ရေးအင်အားစုများအားလုံး စုပေါင်း ရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်ခါ ကောင်းဖြစ်သည်ဟု အစည်းအဝေးကြီးက ရှုမြင်သုံးသပ်ပါကြောင်း ထုတ်ပြန်ကြေညာထားခြင်းဖြစ် သည်။

ယင်းအစည်းအဝေးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၏ ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီများ၊ လုပ်ငန်းဌာနမှူးများ၊ တပ်မှူးများ၊ ခရိုင်မှူးများနှင့် ဖိတ်ကြားထားသည့် အရာရှိ အရာခံများ စုစုပေါင်း ၁၇၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ယင်းနှစ်ပတ်လည်အစည်းအဝေးကြီးတွင် မြန်မာစစ်အာဏာရှင်စနစ်ဆိုးအား ချေမှုန်းတိုက်ခိုက်နေ သည့် တော်လှန်ရေး အခြေအနေများ ဆွေးနွေး သုံးသပ်ခြင်း၊ အဖွဲ့အစည်း၏ တနှစ်တာလုပ်ငန်းများ ပြန်လည် သုံးသပ်ခြင်းနှင့် ပြင်ဆင် အားဖြည့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် တအာင်းတပ်မ တော်ကို တပ်မဟာ ၉ ခုအဖြစ် တိုးချဲ့ပြင်ဆင်ခြင်းနှင့်အတူ တအာင်းပြည်၏ အုပ်ချုပ်ရေး လုပ်ငန်း များ အဆင်ပြေချောမွေ့စေရန်အတွက် မြို့ ၁၈ မြို့ပါဝင်သည့် ခရိုင် ၅ ခုကိုလည်း ပြင်ဆင်စုဖွဲ့ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးမှ ၁၀၂၇ စစ်ဆင်ရေးတွင် ထိန်းသိမ်းရရှိထားသည့် မြို့၁၂ မြို့ အပါအဝင် တအာင်းတပ်မတော်အခြေစိုက်ထားသည့် နယ်မြေဒေသများကို လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ တာဝန်ခံမှုရှိစွာ ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ဒေသနေမိဘပြည်သူများ ပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

အရှိန်ပြင်းသည့် တော်လှန်ရေးကာလအတွင်း အသက်ခန္ဓာများ၊ နေအိမ်အဆောက်အုံများ၊ လုပ်ငန်း များ စွန့်လွှတ်ပေးဆပ် ပျက်ဆီးခဲ့ကြရသည့် မိဘပြည်သူများ၊ တအာင်းတပ်မတော် တပ်ဖွဲ့ဝင်များ အားလုံး၏ ဘဝပြန်လည်ရှင်သန် ထူထောင်ရေးနှင့် လုံခြုံအေးချမ်းသည့် လူ့အဖွဲ့အစည်းကို တည် ဆောက်နိုင်ရန်အတွက် တအာင်းပြည်တွင်းရှိ လူမျိုးပေါင်းစုံ မိဘပြည်သူများနှင့် အတူလက်တွဲ တည် ဆောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *