Karenni State News

0 0
Read Time:2 Minute, 3 Second

လွိုင်လင်လေးအခြေစိုက် ခမရ ၅၃၀ တပ်ရင်းက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ် အောက် ကလေးငယ် ၂ ဦး သေဆုံးကာ ၅ လသားကလေးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၀

 

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့အခြေစိုက် ခမရ ၅၃၀ တပ်ရင်းက လက်နက်ကြီးဖြင့်ပစ်ခတ်မှု ကြောင့် အသက် ၁၂ နှစ် အောက် ကလေးငယ် ၂ ဦး သေဆုံးကာ ၅ လသားကလေးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လွိုင်လင်လေးမြို့ အ ခြေစိုက် ခမရ ၅၃၀ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အိုက်စန့် ကျေးရွာ အတွင်း လက်နက်ကြီး ကျည် ၃ လုံး ကျရောက်ပေါက်ကွဲပြီး အသက် ၁၂ နှစ် အောက် ကလေးငယ် ၂ ဦး သေ ဆုံးပြီး ၅ လသား အရွယ် ကလေးငယ်တစ်ဦး လက်ဖဝါးပိုင်းပြတ်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အ သက် ၃၀ ကျော်အရွယ် အမျိုး သမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လွိုင်လင်လေးအခြေစိုက် ခမရ ၅၃၀ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အသက် ၁၂ နှစ် အောက် ကလေး ၂ ဦးသေဆုံးခဲ့ရတယ်။ ပြီးတော့ ၅ လသားကလေးငယ်တစ်ဦး လက်ဖဝါးပြတ်သွား တယ်၊ နောက်ပြီးတော့ ၃၀ ကျော်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရတာဖြစ်ပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော အိုင်စန့်ကျေးရွာသည် လွိုင်လင် လေးမြို့ အနောက်ဘက်၌ တည်ရှိပြီး လီဆူတိုင်းရင်းအများစု နေထိုင်ကာ အိမ်ခြေ ၅၀ ခန့်သာ ရှိ ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *