မြိုင်မြို့နယ်၊ ကျောက်ဆောက်၊ ရွာသစ်၊ ပိုင်သင်ရွာ ၃ ရွာမှ နေအိမ် ၄ လုံးနှင့် ရိက္ခာတင်ကား စစ်ကား တစ်စီးကို စစ်တပ်က မီးရှို့းဖျက်ဆီး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၀
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ရွာ၊ ရွာသစ်၊ ပိုင်သင်ရွာ ၃ ရွာမှ ပြည်သူ့နေအိမ် ၄ လုံးနှင့် ရိက္ခာ တင် ၆ ဘီးကားတစ်စီးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၇ ရက်က မြိုင်မြို့နယ်တောင်ပိုင်း၊ ကျောက်ဆောက်ရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ် ရိက္ခာတင် စစ်ကြောင်းသည် ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက အဖွဲ့များ ခွဲ ထွက်ကာ မကျီးချိုရွာ ၊ ရေရင်ရွာ ၊ ရွာသစ်ရွာ ၊ ပိုက်သင်ရွာ ၊ စဘေရွာတို့ကို ဝင်ရောက်ခဲ့ပြီး ပြည်သူ ပိုင်ပစ္စည်းများကို ခိုးယူ သယ်ဆောင်ကာ စဘေရွာနှင့် စဘေရွာ အနီးတဝိုက်မှာ ညအိပ်ခဲ့ကြောာင်း သိရသည်။
ထို့နောက် ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းတွင် စဘေရွာကနေ ထွက်ခွာလာပြီး ထန်းငယ်တောရွာနှင့် စီလောင်ရွာကို ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်ပြီး ဆက်လက်ထွက်ခွာခဲ့ ရာ ညနေပိုင်းတွင် မြိုင်မြိုအရှေ့တောင်ဘက် ဒေါင်အိုရွာကို ရောက်ရှိနေပြီး ရိက္ခာတင် ကားတန်းမှာ ဂေါက်ကွင်းနားသို့ ရောက်ရှိခဲ့ကြောာင်း သိရသည်။
အကြမ်းဖက်စစ်သားများသည် ၎င်းတို့ ဝင်ရောက်ခဲ့ရာ ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများဖြစ်သော ရွှေ ငွေ လက်ဝတ်ရတနာများ တီဗွီများ အစရှိသည့် တန်ဖိုးရှိ အသုံးအဆောင်များနှင့် စားနပ်ရိက္ခာ များကို ခိုးယူသည့်အပြင် ကျောက်ဆောက်ရွာမှ နေအိမ် ၁ လုံး ၊ ရွာသစ်ရွာမှ နေအိမ် ၁ လုံး၊ ပိုက်သင် ရွာမှ နေအိမ် ၂ လုံး တို့ကို မီးရှိဖျက်ဆီးခဲ့သည့်အပြင် စဘေရွာ၏ မြောက်ဘက်၌လည်း ၎င်းတို့ ရိက္ခာ ကားတန်းထဲမှ ၆ ဘီးကား ၁ စီးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မြိုင်မြို့အတွင်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကလည်း မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် ထန်းဖူးတောရွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
photo. စဘေရွာမြောက်ဘက်၌ စစ်ကောင်စီတပ်များ မီးရှိဖျက်ဆီးထားသည့် ၆ ဘီးကားတစ်စီး။
Thanlwin Myanmar Media