ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄၀ ဦး သေဆုံး ပြီး အသက် ၁၅ နှစ်အရွယ် ကလေးစစ်သားတစ်ဦးကို လက်နက် ၃၀ ကျော်နှင့်အတူ ဖမ်းမိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား ၄၀ ဦး သေဆုံး ပြီး အသက် ၁၅ နှစ်အရွယ် ကလေးစစ်သားတစ်ဦးကို လက်နက် ၃၀ ကျော်နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းက ဆီဆိုင်မြို့နယ် ၊ ရွှေတစ်ဂူကျေရွာရှိ အကြမ်း ဖက်စစ် ကောင်စီတပ်နှင့် PNO ပြည်သူစစ်ပူးပေါင်း အထိုင်စခန်းကို ကရင်နီတပ်ပေါင်းစုက စစ်သား၊ PNO ပြည်သူ့စစ် ၄၀ ဦးသေဆုံးပြီး အသက် ၁၅ နှစ်အရွယ် PNO ကလေးစစ်သား ၁ ဦးကို လက်နက် ၃၀ ကျော် နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
“မနေ့က ဆီဆိုင်မြို့နယ်ထဲမှာရှိတဲ့ ရွှေတစ်ဂူစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တာဖြစ် ပါတယ်။ စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံးခဲ့ပါတယ်။ လက်နက် ၃၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ပါ တယ်။ ကလေးစစ်သား ၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တာရှိပါတယ်။ အသက် ၁၅ နှစ်ဖြစ်ပါတယ်။ PNO ရဲ့ ကလေးစစ်သားဖြစ်ပါတယ်။ PNO ဘက်က ကလေးသူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်း တာတွေ၊ တပ်သားစုဆောင်းတာတွေလုပ်နေပါတယ်။ မူးယစ်ဆေးဝါးတွေ သုံးခိုင်းပြီးတော့မှ ပြည်သူ လူထုကို ဆက်ကြေးကောက်တာ၊ ဂိတ်စောင့်ခိုင်းတာ၊ ပြည်သူလူထုကို ခြိမ်းခြောက်ခိုင်းတာတွေ လုပ်ခိုင်းနေတာတွေရှိပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိခဲ့သည့် စခန်းသည် ဆီဆိုင်မြို့နှင့် အနည်းငယ် သာကွာဝေးပြီး စစ်ရေးအရ အရေးပါသည့် စခန်းဖြစ်ကြောင်း၊ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပထမဆုံးသိမ်းပိုက်နိုင်ခဲ့သည့် စခန်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media