Read Time:1 Minute, 7 Second
ကဗျာကဏ္ဍ “ပြည်တင်းချိန်”
ပျိုးကြဲလက်
ရွှေပြည်ရယ် တကယ်ပင်တင်းပြီမို့
အရိုးအရင်းမျှော် ငယ်ကျွန်တသိုက်ရယ်က
တိုက်စစ်တလင်း အထပ်ထပ်ဆောင်လို့
တပ်ထောင်ချီ ဗိုလ်ထုနှင့်
နန်းလု၍ မနိုင်ပြီ ။
နှစ် ၇၀ ကျော် စုဆောင်းသကွယ့်
လက်နက်အပေါင်းပင် မစွမ်းနိုင်လို့
စစ်စခန်းအလီလီ ကျဆဲ
ဖင်မနိုင်ဘဲ ပဲဟင်းစားသလိုပ
ဖရဲခင်းတည် ။
ရဲမက်ဆို ပြည်သူကဖွားတာမို့
ခါးပြတ်ဆဲ အင်အားအရ နည်းတဲ့ပြင်
ဖရဲခင်းသာ ကြီးထွားလာအနှိမ်ခက်ပါဘိ
တပ်ပျက်မယ့် လမ်းမဆီ
အခါခါအလီလီ လျှောက်မိပါ့ ။
ရတက်ကယ်ပွေ
အသက်တွေ အသေမခံကြပါနဲ့
ကံထလို့ရှင်ကျန် အချုပ်ခံစစ်သုံ့ပန်းမှာလ
ထောင်နန်းအမှန် စံမလွဲပေမို့
ရဲတံခွန် အောင်လံထူရအောင်
ပြည်သူကို မျက်နှာမူလို့
အလံဖြူပြ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် ည ၁၁ နာရီ ၅၄ မိနစ်
Thanlwin Myanmar Media