သီပေါမြို့ကို စစ်ကောင်စီအုပ်ချုပ်စဉ်က ဓားပြတိုက်၊ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ ၇ ဦးအနက် ရဲဝန် ထမ်းတစ်ဦးပါ ၃ ဦးကို PSLF/TNLA တပ်ဖွဲ့က ဖမ်းဆီးရရှိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီအုပ်ချုပ်စဉ်က ဓားပြတိုက်၊ မုဒိမ်းကျင့် လူသတ်မှု ကျူးလွန်သူ ၇ ဦးအနက် ရဲဝန်ထမ်းတစ်ဦးအပါအဝင် ၃ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့က အသက် ၄၄ နှစ်အရွယ် အောင်နိုင်စိုး၊ အသက် ၄၂ နှစ်အရွယ် ရဲဟိန်းနှင့် အသက် ၂၉ နှစ်အရွယ် ဇင်မင်းပိုင် တို့ကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထွက်ပြေးလွတ် မြောက်နေသူများဖြစ်သည် ဝေဖြိုးအောင်၊ ငဖြိုး၊ အသားတု၊ ဇွဲပိုင်းထွန်း ဆိုသူ ၄ ဦးတို့ကိုလည်း ဖော် ထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုထားသည်။
အဆိုပါ အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်စဉ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ သီပေါမြို့ AAA ဓါတ်ဆီဆိုင်ရှေ့ ဆန်စက်ရုံတွင် ဓားမြတိုက်မှုနှင့် အမျိုးသမီး ၁ ဦးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သူများဖြစ်ပြီး ၇ ဦးအနက် ၃ ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲမှ ဖမ်းဆီးရရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရရှိသူများ အနက် အောင်နိုင်စိုးဆိုသူသည် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွင် တပ်ကြပ် ကြီး ရာထူးဖြင့် စာရေးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ၎င်းကို ဖမ်းမိစဉ် RPG7-ဗုံးသီး ၁ လုံး၊ စကာပြောစက်အထိုင် ၁ လုံး၊ MA3 ကျည် ၄၇ ထောင့်၊ စလက်ကျည်- ၁၉ ထောင့်၊ 60 MM ဗုံးသီး ၃ လုံး၊ M9 ၂ လုံး၊ M9 ပြူ ၇ ခု၊ ဘိန်းဖြူ ၁ ဘူး၊ ဘက်ထရီ W27000 Mah ၁ လုံး၊ ရာမဗူးခွံ အလုံး ၂၀ နှင့် ဓားတို (၁) စသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ဓားပြတိုက်၊ မုဒိမ်းကျင့်၊ လူသတ်မှုကျူးလွန်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ သီပေါမြို့ တရားဥပဒေစိုးမိုရေးတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media