“စစ်တပ်က ပေါ်တာဆွဲတာကို ခံပြီးတော့ ပြည်သူ့ဘက်ကို ပြောင်းပြန်လှည့်မလား။ ဒါမှမဟုတ် အာ ဏာရှင်စနစ်ကို အမြစ်ဖြတ်အောင် တိုက်ပြီးတော့ မြို့ပြမှာ အောင်လံလွှင့်မလား” MBT တပ်ဖွဲ့ ခေါင်း ဆောင် ဗိုလ်မိုက်ခဲ မေးခွန်းထုတ်
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၈
မြို့ပြနေ လူငယ်များအနေနဖြင့် “စစ်တပ်က ပေါ်တာဆွဲတာကို ခံပြီးတော့ ပြည်သူ့ဘက်ကို ပြောင်း ပြန်လှည့်မလား။ ဒါမှမဟုတ် အာဏာရှင်စနစ်ကို အမြစ်ဖြတ်အောင် တိုက်ပြီးတော့ မြို့ပြမှာ အောင် လံလွှင့်မလား” ဟုဆိုကာ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲမေးခွန်းထုတ်လိုက်သည်။
Myingyan Black Tiger – MBT တပ်ဖွဲ့အနေဖြင့် မြို့ပြများသို့ ဝင်ရောက်ထိုးဖောက်ကာ အောင်လံ လွှင့်ထူနိုင်ရန်အတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်လူငယ်များကို တပ်ဖွဲ့ဝင်သစ်များအဖြစ် ခေါ်ယူမှုနှင့် ပတ်သက်၍ သံလွင်မြန်မာသတင်းဌာန၏ မေးမြန်းချက်ကို ဖြေဆိုရာတွင် ထည့်သွင်းကာ မေးခွန်း ထုတ် လိုက်ခြင်းဖြစ်သည်။
“အဓိကကတော့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့အတွက်ပါ။ မြို့ပေါ်မှာရှိတဲ့ အမျိုးသားလူငယ်တွေကို အဓိက ဖိတ်ခေါ်ချင်တာပါ။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာတွေရှိတယ်လေ။ စစ်ရှုံးနေတဲ့ စကစ တပ်က ပေါ်တာဆွဲတာကို ခံပြီးတော့ ပြည်သူ့ဘက်ကို ပြောင်းပြန်လှည့်မလား။ ဒါမှမဟုတ် အာဏာရှင်စနစ်ကို အမြစ်ဖြတ်အောင် တိုက်ပြီးတော့ မြို့ပြမှာ အောင်လံလွှင့်ကာ ကောင်းမွန်တဲ့ ဘဝတစ်ခုကို သွားမလား၊ ကြိုက်တာကို ရွေးချယ်လို့ ရပါတယ်။ အခုဒီစည်းကမ်းချက်တွေနဲ့ ထုတ် ပြန်ထားတဲ့အချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ကျနော်တို့ MBT တပ်ဖွဲ့ နွေးထွေးစွာကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ခုအနေနဲ့က အသက်မပြည့်သေးတဲ့ လူငယ်တွေကို စကစ ဘက်က ပေါ်တာဆွဲတာရှိပါတယ်။ အဲလိုမျိုးလူငယ်တွေအနေနဲ့လည်း တကယ်အခက်အခဲဖြစ်လာပြီဆိုရင် ချွင်းချက်အနေနဲ့ လက်ခံပေးပါ့မယ်လို့ ပြောချင်ပါတယ်။” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောကြားသည်။
Myingyan Black Tiger (MBT) တပ်ဖွဲ့သစ်များအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံး သည်အထိ တိုက်ပွဲဝင်နိုင်သူ ဖြစ်ရမည်ပြီး တပ်ဖွဲမှ ချမှတ်ထားသော တပ်စည်းကမ်းများကို လိုက် နာ၍ တပ်ဖွဲ့မှပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ အဆိုပါ အချက်များနှင့်ကိုက်ညီသူများကို အခြေခံစစ်ပညာ သင်တန်းတက်ရောက်ခွင့် ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။
သင်တန်းပြီးဆုံးသည့်အချိန်တွင် မြေပြင်ခြေမှုန်းရေး (ရန်သူ စကစတပ်အား အနီးကပ် ချေမှုန်းတိုက် ခိုက်ရသော တာဝန်ကို ထမ်းဆောင်ရမည်) ၊ ဒရုန်းစစ်ဆင်ရေး (စစ်မြေပြင်ရှိ ခြေမှုန်းရေးတပ် သား များဖြင့် ချိပ်ဆက်၍ ရန်သူစကစများအား ဒရုန်းနည်းပညာဖြင့် တိုက်ခိုက်ရသော တာဝန်ကို ထမ်း ဆောင်ရမည်) ၊ မြေပြင်ထောက်ပို့ (ရှေ့တန်းစစ်မြေပြင်တွင် လိုအပ်သော ခဲယမ်း၊ရိက္ခာများ မပြတ် တောက်စေရန် အချိန်နှင့်တပြေးညီ ထောက်ပို့ရသော တာဝန်ကို ထမ်းဆောင်ရမည်) ၊ ထုတ်လုပ်ရေး
(တိုက်ပွဲများတွင် အသုံးပြုသော လက်နက်/ခဲယမ်းများအား ထုတ်လုပ်/ပြုပြင်/ ထိန်းသိမ်းရသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်) များတွင် ကြိုက်နှစ်သက်ရာ တာဝန်ကိုထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media