ပေါင်းတလည်မြို့နယ်တွင် “ဘယ် PDF မှ ဂရုစိုက်စရာမလို” ဟု ကြွေးကြော်ထားသူ ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၈
ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ်တွင် “ဘယ် PDF မှ ဂရုစိုက်စရာမလို” ဟု ကြွေးကြော်ထားသူ ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – PPDF-၃၆၀၁ တပ်ရင်းထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်က ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာ နေရာ အိမ်မှူးချက်ဖောင်း(ခ)ဇော်မင်းဦးတို့ လင်းမယားကို ပြည်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း ၊ တပ်ခွဲ ၃ မှ နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် ရှင်းခဲ့ရာ နေအိမ်အနီးရှိ မီးသွေးဖို အနီးအနားတွင် ၂ ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရ သည်။
သေဆုံးသူ လင်းမယားနှစ်ဦးစလုံးသည် အကြမ်းဖက်စစ်ကောင်စီနှင့် ပေါင်းကာ “ငါ့အုပ်စု အတွင်း ဘယ် PDF မှဂရုစိုက်စရာ မလိုဘူး” ဟုကြွေးကြော်ကာ အုပ်စုအတွင်းနေ ပြည်သူများအပေါ် အနိုင် ကျင့်ဗိုလ်ကျခြင်း၊ ပေါင်းတလည်ရခများနှင့် ပေါင်းကာ လူငယ်လူရွယ်များရှိရာ နေအိမ်များကို ငွေ ညှစ်တောင်းခံခြင်း ၊ အုပ်စုအတွင်းရှိ ပြည်သူများအား ထောက်ပို့/PDF အားပေးဟု ဆိုကာ ပေါင်းတ လည် ရဲစခန်းကို တိုင်ကြား၍ ဖမ်းဆီးခိုင်းခြင်း၊ အချို့ကို ငွေဖြင့် ပြန်ရွေးခိုင်းခြင်း၊ အချို့ကို ရိုက်နှက် စစ်ဆေးကာ ထောင်ချတို့ လုပ်ဆောင်နေသူများဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခုချိန်အထိ ဖမ်းဆီးခံထားရသူများရှိပြီး ပြတ်ပြတ်သားသား အရေးယူမည့်သူများဖြစ်သ ဖြင့် အရေးယူခဲ့ရခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – PPDF-၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media