မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအားလုံး ချက်ချင်းအဆုံးသတ်ရေးနှင့် မတရားဖမ်းဆီးခံထားရသူ များအားလုံး ပြန်လွှတ်ပေးရေးအတွက် တိုက်တွန်းထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆုံး ဖြတ်ချက်အမှတ် ၂၆၆၉/၂၀၂၂ ကို အကောင်အထည်ဖော်ပေးရန် EU က တိုက်တွန်းတောင်းဆို
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၈
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအားလုံး ချက်ချင်းအဆုံးသတ်ရေးနှင့် မတရားဖမ်းဆီးခံထားရသူ များအားလုံး ပြန်လွှတ်ပေးရေးအတွက် တိုက်တွန်းထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆုံး ဖြတ်ချက်အမှတ် ၂၆၆၉/၂၀၂၂ ကို အကောင်အထည်ဖော်ပေးရန် EU တိုက်တွန်းတောင်းဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၇ ရက်န့က ဥရောပသမဂ္ဂကိုယ်စား အဆင့် မြင့်ကိုယ်စားလှယ်၊ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တီမောလက်စ်တေ၊ နှင့် ယူနိုက်တက်ကင်းဒမ်းအစိုးရများက မြန်မာနိုင်ငံအတွင်းမှ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အဖြေရှာရန် ပူးတွဲထုတ်ပြန်ကြေညာ ချက်ဖြင့် တိုက်တွန်းလိုက်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းမှ အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်းအဆုံးသတ်ရန်တောင်းဆိုပြီး ပဋိပက္ခကို ရပ်တန့်ရန်၊ တင်းမာမှုများကို ဖြေလျှော့ရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသူများ အား လုံးကို ပြန်လွှတ်ပေးရန် တိုက်တွန်းသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကို အကောင်အထည်ဖော်ဆောင်ရန် ထပ်မံ တိုက်တွန်းသည်ဟု ဆိုသည်။
ထို့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ အာဆီယံဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ် အပါအဝင် အကျပ်အတည်းကို အဖြေရှာရာတွင် အာဆီယံအဖွဲ့အစည်း၏ အဓိက ကျသည့် အခန်း ကဏ္ဍကို အပြည့်အဝ ထောက်ခံပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၏ အရေးပါသောအခန်းကဏ္ဍကိုလည်း အသိမှတ်ပြုကြောင်း ထပ်လောင်း ပြောဆို သည်။
စစ်မှန်ပြီး အပြုသဘောဆောင်သည့် အားလုံးပါဝင်ခွင့်ရှိသော အပြန်အလှန်ဆွေးနွေးမှုဖြင့် မြန်မာ နိုင်ငံ၏ အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ကြိုးစားမှုနှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး တောင်းဆိုမှုများအပေါ် ဆက်လက် အားပေးထောက်ခံ ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမိုဆိုးဝါးလာနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ အကျပ်အတည်းအပေါ် အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း၊ အရှိန်အဟုန်မြင့်လာသည့် အ ကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများက အဆိုပါအကျပ်အတည်းကို ပိုမို ဆိုးဝါးလာစေကြောင်း၊ အာဏာရှင်အဖွဲ့အစည်းက မြန်မာပြည်သူများအပေါ် ဆက်လက်ပြီး အကြမ်း ဖက် ခြင်းဖြင့် ဖိနှိပ်နေမှုမှာ လက်ခံနိုင်စရာမရှိကြောင်း အသိပေးထားသည်။
အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နှိပ်စက်ကလူပြုမှုများနှင့် အပြည်ပြည် ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ ချိုးဖောက်မှုများကျူးလွန်ခဲ့ကြောင်း ခိုင်လုံ သည့် အစီရင်ခံမှုများစွာ ရှိကြောင်း သိရသည်။
၄င်းအစီရင်ခံမှုများတွင် ကလေးငယ်များ၊ လူနည်းစုတိုင်းရင်းသားနှင့် ဘာသာရေးအသိုက်အဝန်းများ ကို အဓမ္မသွေးဆောင်ခြင်းနှင့် စုဆောင်းခြင်း၊ အရပ်သားပြည်သူ များ သေကြေထိခိုက်စေသည့် အ များ ပြည်သူ့လမ်းပန်းဆက်သွယ်ရေးစနစ်များ ပျက်စီးစေသည့် မြန် မာစစ်တပ်၏ အဆင်အခြင်မဲ့လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှု၊ နေအိမ်များကို မီးရှို့ခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာလုပ်သားများနှင့် အဆောက်အအုံများကို တိုက်ခိုက်ခြင်းများနှင့် စစ်အာဏာရှင်အဖွဲ့အစည်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးအပ်မှုအပေါ် ကန့်သတ်ချုပ်ချယ်မှုများ ပါဝင်ကြောင်း သိရသည်။
အရပ်သားပြည်သူများကို ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြတ်တောက်ခြင်းနှင့် မီးရှို့ခြင်းများကဲ့သို့ ထိတ်လန့်ဖွယ်ရာအစီရင်ခံမှုများကိုလည်း တွေ့မြင်ရပြီး ရခိုင်ပြည်နယ်အတွင်းမှ အရှိန်အဟုန်မြင့် လာသည့် ပဋိပက္ခနှင့် ရိုဟင်ဂျာများအပါအဝင် လူမှုအသိုက်အဝန်းအားလုံးတွေ့ ကြုံခံစားနေကြ ရသည့် ဆင်းရဲဒုက္ခများမှာ လွန်စွာ စိုးရိမ်ဖွယ်ရာပင်ဖြစ်ကြောင်း EU အဖွဲ့က ပြောဆိုသည်။
ရခိုင်ပြည်နယ်နှင့် နိုင်ငံတစ်ဝန်းမှ လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများဖြစ်ပေါ်စေရန် လှုံ ဆော်ပေးလေ့ရှိသည့် စစ်တပ်၏ သမိုင်းကြောင်းအပြင် ရိုဟင်ဂျာများအပေါ် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်သည့် အစီရင်ခံမှုများက အရပ်သားပြည်သူများအတွက် စိုးရိမ်ဖွယ်ဘေး အန္တရာယ်ဖြစ်သည်ဟု အလေးအနက်ဖော်ပြလျက်ရှိကြောင်း ထောက်ပြထားသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ပဋိပက္ခမှ ထွက်ပြေးလွတ်မြောက်ရန် အရပ်သားပြည်သူများအတွက် ဘေး ကင်းလုံခြုံသည့်နေရာများမရှိခြင်းနှင့် အကြမ်းဖက်မှုမှ ထွက်ပြေးကြရသည့် အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်းများအပေါ် များစွာ စိတ်မချမ်းမြေ့ ဖြစ်ရပြီး ပဋိပက္ခကြောင့် လူသားချင်းစာနာထောက် ထားမှုလိုအပ်ချက်များ တိုးမြင့်လျှက်ရှိကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေး အပ် ခြင်းကို အာဏာရှင်အဖွဲ့အစည်းက ပိတ်ပင်မှုကြောင့်လည်း ပိုမို ဆိုးဝါးလာလျက်ရှိကြောင်း ဆက် လက်ထောက်ပြထားသည်။
ဆက်လက်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကြောင့် လူပေါင်း ၃.၅သန်းကျော် နေရပ်စွန့်ခွာ ပြောင်းရွှေ့ ခဲ့ကြရပြီး ၄င်းတို့ထဲမှာ တချို့မှာ နိုင်ငံပြင်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း၊ ယခုအခါ လူဦး ရေ ၁၅ သန်းကျော်မှာ ကြီးမားသောစားနပ်ရိက္ခာရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေကြရသည့်အပြင် ဆေးဝါးအထောက်အကူများ ပေးပို့ခြင်းအပေါ် ကန့်သတ်မှုများကြောင့် ကာလဝမ်းရောဂါအပါအဝင် ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည်လည်း တိုးမြင့်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်မှုများလျော့ချရန်၊ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာရန်၊ အရပ်သားပြည်သူများကို ကာ ကွယ်ရန်နှင့် အမျိုးသမီးများ၊ ကလေးငယ်များ၊ တိုင်းရင်းသားနှင့် လူနည်းစုအသိုက်အဝန်းများ အပါ အဝင် အကူအညီလိုအပ်လျက်ရှိသော ပြည်သူများအားလုံးထံသို့ အသက်ကယ်ဆယ်ရေးဆိုင်ရာ အကူ အညီများပေးအပ်နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အပြည့် အဝ၊ ဘေးကင်းလုံခြုံစွာနှင့် အဆီးအတားမရှိပေးအပ်ခွင့်ပြုရန် စစ်အာဏာရှင်အဖွဲ့အစည်းနှင့် မြန်မာ နိုင်ငံအတွင်းရှိ အားလုံးသော လက်နက်ကိုင်အဖွဲ့အစည်းများကို တိုက်တွန်းထားသည်။
ရိုဟင်ဂျာများ ရင်ဆိုင်နေကြရသည့် ခွဲခြားဆက်ဆံခံရခြင်းနှင့် ရက်စက်ကြမ်းကြုတ်သည့် အပြုအမူ များကို ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံ၏အကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရာတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media