ကဗျာကဏ္ဍ “ပြည့်ချစ်ဆေး”
ပျိုးကြဲလက်
ဝတ်ဆင်ရာ သန့်ရှင်းကွယ့်
မပျင်းနဲ့ ဖွတ်လျှော် ။
တန်ဖိုးပင် ကြီးပါစ
မဲညှစ်လှသော် ။
ပွဲတက်ရာ မထင်ပေါ်
ရွံစရာနော် ဂုဏ်လျော့ ။
ဝတ်စုံမှာ အလှပျက်ရင်
လက်နှီးစုတ်ပေါ့ ။
လက်နှီးစုတ်ကို တန်ဖိုးထားလို့
လူအများက မဝတ်ပေ ။
စံပြုကာ ကိုယ်စီဘဝ
နည်းယူကြလေ ။
စိတ်ကောင်းနဲ့ တာဝန်ကျေ
လူတော်အထွေထွေ ဖြစ်စေသား ။
ကိုယ်နှင့်ဝန်းကျင် အလှပေါ်ဖို့
လျှော်ဖွတ်လို့ထား ။
အဝတ်အစားမှာ ကြေးထူထပ်က
ဆပ်ပြာနဲ့ ဖွတ်လျှော် ။
လူ့စိတ်ကို စာဖတ်ရင်း
သန့်ရှင်းကြသော် ။
သုတရသ ရလို့နော်
ဓမ္မလမ်းပေါ် ရောက်မြဲ ။
လျှောက်လေရာ ဘဝလမ်းမှာ
စွမ်းဆောင်ရည်ကဲ ။
ဌာနတွေ စောင့်ထိန်းကွယ့်
မယိမ်းနဲ့ ဖြောင့်နော် ။
ဝန်ထမ်းသူ တစ်ယောက်ယောက်
စည်းဖော်မိသော် ။
ဝိုင်းဝန်းလို့ အမှုဖော်
ခုံရုံးသို့ခေါ် အပြစ်ပေး ။
မွှေးရနံ့ ထုံထုံနဲ့
ဂုဏ်သိက္ခာ အသွင်သစ်တယ်
ပြည်ချစ်မယ့်ဆေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ည ၁၁ နာရီ ၅၁ မိနစ်
Thanlwin Myanmar Media