Read Time:58 Second
ကဗျာကဏ္ဍ “အရူးမီးဝိုင်း”
ပျိုးကြဲလက်
တပ်ပျက်ပုံ တယ်မပြောချင်ဘု
ငှက်ပျောပင် မျိုးအစဉ်သုဉ်းပေရော့
သုံးရာသီ ဘုန်းမောင်အပါးမှာလ
မုန့်ဟင်းခါးက မပြတ်နော်။
စစ်ရှုံးဘုရင် နိုင်ငံကျော်တာက
ပြိုင်စံရယ် တကယ်မပေါ်နိုင်ပေဘု
အရှက်တော် တပ်မြေခပြန်တော့
အစားထိုးစရာ စတုဒီသာပွဲမှာဖြင့်
ခေါက်ဆွဲကိုကြော် ။
တပ်ထုတ်ကုန် ဖတဆိုးရယ်နဲ့
မုဆိုးမတို့ မျက်ရည်ပေါက်ကိုလ
ကျောက်ကျောနဲ့ မုန့်လုံးရေပေါ်
နေကြာနော် မကယ်ဘူး ။
ဘုရင်းရူးကို ငဲ့ကွက်လို့
ပျက်ပါပေါ့ ဘဝအထွေထွေနှင့်
တပ်မြေမှာ ငတ်နေကြပြီမို့
အလံဖြူတလူလူ ထူမပြရင်ဖြင့်
သောကနှင့်ရူး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် ည ၁၁ နာရီ ၄၈ မိနစ်
Thanlwin Myanmar Media