Naung Cho News

0 0
Read Time:1 Minute, 56 Second

နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂၁ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော် သိမ်းဆည်းရရှိ

 

D Day News

ဧပြီလ ၁၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၁ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော်သိမ်း ဆည်း ရရှိခဲ့ ကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်ထားသည်။

 

ယမန်နေ့ ဧပြီလ ၁၅ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က နောင်ချိုမြို့နယ် သရက်ကုန်းကျေး ရွာရှိ သာသနာ့နယ်မြေဖြစ်သော စေတီပေါ်နှင့်စာသင်ကျောင်းတွင် အခိုင်အမာ တပ်စွဲကာ ခံစစ်ပြင် ထားသည့် စစ်ကောင်စီစခန်းကို မန္တလေး PDF တပ်ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ် ဝန်းကျင်ခန့်၌ အပြီး သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းသရက်ကုန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အလောင်း ၂၁ လောင်း မျက်မြင်တွေ့ရှိခဲ့ရပြီး လက်နက်ငယ် ၄၀ ကျော် ၊ ၆၀ မမ ၂ လတ် ၊ Drone Jammar ၁ ခု နှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကူ တက်လာခဲ့ပြီး ထပ်မံပိတ်ဆို့ချေမှုန်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အမြောက်အများ အထိအခိုက် အကျအဆုံးများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှလည်း ပေးဆပ်မှု အချို့ရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *